မုန့်ဖိုးစုပြီး ဖုန်းဝယ်ပေးမယ်ဆိုတဲ့ ကောင်မလေးကြောင့် ကြည်နူးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းဟာ မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ အဆိုတော်မင်းသားတစ်ဦးဖြစ်ပြီး မြန်မာသာမက ကမ္ဘာကပါသိတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ စိုင်းစိုင်း တယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကလည်းက တဟုန်ထိုးအောင်မြင်လာခဲ့ပြီး လက်ရှိချိန်ထိကို အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူပါ။

စိုင်းစိုင်းကတော့ အသက်ကြီးလာပေမယ့်လည်း အရွယ်တင်နုပျိုနေတာကြောင့် လက်ရှိချိန်ထိကို နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးတာ ခံနေရတာလည်းဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ပရိသတ်တွေအတွက် နှစ်တိုင်းလည်း တစ်ကိုယ်တော်ရှိုးပွဲ လုပ်ပေးနေကြဖြစ်ပြီး လုပ်လိုက်တဲ့ ရှိုးပွဲတွေတိုင်းကလည်း အံ့မခန်းအောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။စိုင်းစိုင်းဟာ ပရိသတ်တွေကိုအမြဲလိုလိုရည်မွန်ယဉ်ကျေးစွာဆက်ဆံတတ်သူဖြစ်ပြီး အခြေအနေတိုင်းကိုလည်း အကောင်းဆုံးကိုင်တွယ်နိုင်သူဖြစ်တာကြောင့် PR Skill အရမ်းကောင်းသူတစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရတာပါ။

ပရိသတ်တွေကို လေးစားတန်ဖိုးထားတဲ့ စိုင်းစိုင်းကို အသက်အရွယ်ပေါင်းစုံက ပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ကြပြီး စိုင်းစိုင်းကလည်း အဲဒီချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုဖို့ ပြန်လည်တုံ့ပြန်ဖို့ မမေ့လျော့တတ်သူတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းက အခုလည်း သူ့ရဲ့ လူမှုကွန်ယက်ကနေ ပရိသတ်ရဲ့ မေတ္တာတရားကို အသိအမှတ်ပြုတဲ့ ပို့စ်လေးတစ်ခုတင်ထားခဲ့ပါတယ်။ စိုင်းစိုင်းက မကြာသေးမီက Samsaung က ထုတ်တဲ့ Z flip ဖုန်းလေးလိုချင်တယ်လို့ post တင်ထားခဲ့ပြီး ပရိသတ်ကောင်မလေးတစ်ယောက်က အဲဒီပို့စ်အောက်မှာ “ရှိလို့တော့ မဟုပု မုန့်ဖိုးစုပြီး ဝယ်ပေးမယ်” လို့ comment ပေးထားခဲ့ပါတယ်။ အဲဒီ comment လေးကို စိုင်းစိုင်းက “အာ. ကျေးဇူးတင်ပါတယ်။ Samsung ကပေးမှာပါ”လို့ အသည်းပုံလေးတွေနဲ့ reply ပြန်ထားခဲ့တာပါ။ အဲဒီ comment လေးတစ်ခုကပေးတဲ့ ချစ်ခြင်းမေတ္တာကို စိုင်းစိုင်း က အသေအချာကိုခံစားမိပြီး comment ကို screenshot ရိုက်ပြီးတင်ထားခဲ့တာကိုတွေ့ရပါတယ်။ စိုင်းစိုင်းက screenshot လေးနဲ့အတူ “ကျနော် SAMSUNG ကို ဖုန်းအသစ်ပူဆာတဲ့ Post လေးတင်လိုက်မိတယ် ဒီညီမလေးက မုန့်ဖိုးစုပြီးဝယ်ပေးမယ်တဲ့ ကျနော်တော်တော့်ကို ကြည်နူးမိပါတယ် ဘဝင်တောင် လေဟပ်သလိုဖြစ်သွားတယ် ဘဝမှာ လူဖြစ်ရကျိုးနပ်တယ်လို့ ခံစားရတဲ့အချိန်ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်”လို့ ရင်ထဲက ခံစားချက်ကိုဝေမျှထားခဲ့တာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းကိုချစ်ကြလား။ ဒီနှစ်မှာရော စိုင်းစိုင်းရဲ့ Birthday Show ကိုသွားရောက်အားပေးကြည့်ရှုကြဦးမှာလား။ မကြာခင်မှာ ရုံတင်တော့မယ့် စိုင်းစိုင်းရဲ့ ပိတောက်ကတဲ့ ဂီတ ဇာတ်ကားကြီးကိုရော အားပေးကြည့်ရှုဖု့ိအသင့်ပဲလား။ ပြောခဲ့ကြပါဦး။

Via: www.ygn-news.com (ဟီးဟီးဟားဟား)

Leave a Reply

Your email address will not be published. Required fields are marked *