ပရိသတ်တွေ အားကျအောင် စကားလေးတစ်ခွန်း ပြောလိုက်တဲ့ အိမ့်ချစ်ချော

အရမ်းကို ချစ်စရာကောင်းတဲ့ Travel Blogger အိမ့်ချစ်ချောနဲ့ အဆိုတော် နေဝင်းတို့ စုံတွဲလေးကို မသိတဲ့သူ မရှိလောက်ဘူး ထင်ပါတယ်နော်။ပရိတ်သတ်ထောင်ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ လက်ထပ်ခွင့်တောင်းပြီး အရမ်းကို ရိုမန်တစ်ဆန်တဲ့ နေဝင်းတို့ အတွဲလေးကို မိန်းကလေးပရိတ်သတ်ကြီးကတော့ အရမ်းကို အားကျနေခဲ့တာပါ။

သူတို့အတွဲလေးကတော့ တစ်ယောက်ရဲ့ အလုပ်အကိုင်တွေကို တစ်ယောက်က ကူညီရင်း ပါရမီဖြည့်ဖက်တွေအဖြစ် လေ ျှာက်လှမ်းနေသူတွေပဲ ဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ သူတို့ရဲ့ မင်္ဂလာဆောင်ကို ဧပြီလမှာ ဆောင်ဖြစ်မယ့် အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ လတ်တလောမှာတော့ Pre Wedding ဓာတ်ပုံလေးတွေရိုက်ရင်း ပျော်ရွှင်နေကြတာပါ။ အိမ့်ချစ်ချောကတော့ သူမရဲ့ လူမှုကွန်ရက်မှာ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးကို တင်ရင်း အခုလို ပြောပြခဲ့ပါတယ်။ သူမကတော့ “ဓာတ်ပုံလေးတွေနောက်ကွယ်မှာ ကိုယ့်ကိုအရမ်းချစ်တဲ့ကောင်လေးတစ်ယောက်ရှိတယ်..” ဆိုပြီး ချစ်ရတဲ့ ချစ်သူ နေဝင်းရဲ့ ဂရုစိုက်မှုလေးကို ဖော်ပြခဲ့တာပါ။

ပရိတ်သတ်တွေ ချစ်ခင်ရတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲလေးရဲ့ အကြောင်းကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော အားကျနေပြီလားဆိုတာ ပြောခဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *