မြင့်မြတ်ကို သူမရဲ့ ရှိုးပွဲမှာ ရှိစေချင်တဲ့အကြောင်းလေးကို ဆိုရှယ်မီဒီယာမှာ ရင်ဖွင့်လိုက်တဲ့ ပိုပို

အသံပါဝါကောင်းကောင်းနဲ့ မိမိုက်နေတဲ့ ဖက်ရှင်တွေနဲ့အတူ ဂီတလမ်းကြောင်းမှာ လေ ျှာက်လှမ်းနေတဲ့သူကတော့ အဆိုတော် ပိုပိုပဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့သမ ျှ သီချင်းတော်တော်များများဟာ ပရိတ်သတ်ပါးစပ်မှာ စွဲထင်ရလောက်အောင် အောင်မြင်နေတဲ့သူပါ။ SKP Entertainment

သူမဟာ အလှူအတန်းများကိုလည်း မပြတ်တမ်းလုပ်ကိုင်နေပြီး အိမ်မှာ စတူဒီယိုဖွင့်ကာ ကိုယ်တိုင်ရေးစပ်ဖန်တီးထားတဲ့ သီချင်းကောင်းများကိုလည်း ထုတ်လုပ်နေသူပါ။ အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ပိုပိုက ဖေဖော်ဝါရီလ (၂၉)ရက်နေ့ မန္တလေးမြို့မှာ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ SKP Entertainment

အဆိုပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးမှာ အနုပညာရှင် မောင်နှမများစွာကလည်း ပါဝင်အားဖြည့် သီဆိုမယ်လို့လည်း သိရပါတယ်။ ပိုပိုကတော့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီး နီးလာလေလေ ပိုပြီး စိတ်လူပ်ရှားလေလေ ဖြစ်နေရပါတယ်တဲ့။ SKP Entertainment

သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးမှာ ပရိတ်သတ်အချစ်တော် အကယ်ဒမီ မြင့်မြတ်ကို လာရောက်စေချင်တဲ့အကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ရက်မှာ အခုလိုပဲ ရေးသားခဲ့ပါသေးတယ်။ သူမ ရင်ဖွင့်ခဲ့တာကတော့“ပွဲမှာ Surprise လာတိုက်ရင်သိပ်ကောင်းမှာပဲ” ဆိုပြီး “ချစ်ဖူးခဲ့သမျှ”သီချင်းလေးနဲ့ ပိုပိုကပွဲတစ်ခုမှာ ဖျော်ဖြေနေစဉ် စင်အောက်ကနေ မြင့်မြတ်တစ်ယောက် လိုက်ဆိုနေတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ SKP Entertainment

အဆိုပါ “ချစ်ဖူးခဲ့သမျှ” သီချင်းဗီဒီယိုလေးမှာလည်း မြင့်မြတ်နဲ့ တွပြီး သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အအောင်မြင်ဆုံး သီချင်းလေး ဖြစ်တာကြောင့် ပိုပိုရဲ့ အနုပညာမှတ်တိုင်သီချင်းလေးလို့ ပြောရင်လည်း မမှားပါဘူးနော်။ SKP Entertainment

ပရိတ်သတ်ကြီးရေ ပိုပိုရဲ့ ဆန္ဒလေး ပြည့်မြောက်အောင် ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုအားပေးတဲ့ ပရိတ်သတ် တစ်ယောက်စီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *