သူမနဲ့ မိုးအောင်ရင်ကြားက အကြီးမားဆုံး လျှို့ဝှက်ချက်ကို ဖွင့်ဟလာတဲ့ ချစ်သူဟောင်း ခင်မြတ်နိုး

မြန်မာနိုင်ငံက ပရိသတ်တွေ အားပေးတဲ့ သရုပ်ဆောင် မိုးအောင်ရင် တစ်ယောက်ဟာမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၊ သုံးစွဲမှုတွေနဲ့ ထောင်ဒဏ် နှစ်ရည်ကျခံရပေမယ့်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ သိပ်မကြာခင်မှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်ပြီး ပရိသတ်ရင်ခွင်ကို နောက်တစ်ကြိမ်ခိုဝင်နိုင်ဖို့အတွက် ကြိုးစားနေတာကိုတွေ့ရပါတယ်။

ဒါပေမယ့် သူဟာ ယခင်ချစ်သူဟောင်းဖြစ်သူ ခင်မြတ်နိုး ရဲ့ တရားစွဲဆိုခြင်းကြောင်း တရားရင်ဆိုင်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ ခင်မြတ်နိုးဟာ အနောက်တိုင်းအခေါ် Living together ပုံစံနဲ့ ၄ နှစ်တိတိ လင်မယားအရာနေခဲ့ပြီးနောက်မှာ မိုးအောင်ရင် လက်မထပ်နိုင်တော့ပဲ ခင်မြတ်နိုးကို မူးယစ်ဆေးသုံးစွဲလို့ ဖြတ်လိုက်တာဆိုပြီး မီဒီယာမှာ ပြောဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။

သူတို့ နှစ်ဦးသား အခုလိုမျိုး အမှုရင်ဆိုင်နေချိန်မှာတော့ အမှုနဲ့ ဆိုင်တဲ့ သက်သေတွေကို ရုံးတော်ကို တင်သွင်းကြရပါတယ်။ ဒီအထဲမှာ အများမထင်မှတ်ထားတဲ့ ကိစ္စတစ်ခုပါပါတယ်။ အဲ့တာကတော့ ခင်မြတ်နိုး နဲ့ မိုးအောင်ရင် ကလေးရခဲ့ဖူးတဲ့ ကိစ္စပါပဲ။ အဲ့ဒါကတော့ ခင်မြတ်နိုးက အခုလို ပြောပြပါတယ်။

“သူ့အဖေ၊ အမေကိုယ်တိုင်က သဘောတူပြီး သူတို့အိမ်ခေါ်သွားတာဆိုတော့ လင်မယားအရာမြောက်ခဲ့တာပေါ့။ ကိုယ်ကတော့ယုံခဲ့တာပေါ့ အဲဒီလိုကတိဖျက်မယ့်လူမဟုတ်ဘူးဆိုတာ တထစ်ချယုံခဲ့တာပေါ့။ အဲ့ဒီတုန်းက အက်ထရာစောင်းရိုက်ကြည့်တော့ ကလေးကနှလုံးမခုန်တော့ဘူး။ နှလုံးမခုန်တော့ဘူးဆိုလို့ ဆာကူရာဆေးရုံမှာ သေသေချာချာလုပ်ခဲ့တာပါ။ ဒီအတိုင်း တစ်ခြားဟိုလိုမျိုး ဖျက်ချခဲ့တာမျိုးတော့မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်လို့ ပရိသတ်က အခုမှ သိရတာမို့ အံ့သြနေကြပါတယ်။

Writer – SMT ( Shwe Yaung Lan )

Via;shweyaunglan.com

Leave a Reply

Your email address will not be published. Required fields are marked *