မေသန်းနုရဲ့ လက်ရှိဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ စင်ရော်မောင်မောင်

မေသန်းနုဟာ အခုချိန်မှာ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရတာဖြစ်ပြီး နောက်တိုးတရားခံအဖြစ်ပါ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ ခင်ပွန်းဟောင်း စင်ရော်မောင်မောင်ကတော့ အစွမ်းကုန် ကူညီပေးနေပြီး လက်ရှိမှာ တရားဥပဒေအရ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ SKP Entertainment

အကျဉ်းထောင်အတွင်း ရောက်ရှိနေတဲ့ မဆင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပက်သက်ပြီး အခုလိုပဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ “မဆင့်ရဲ့ ကျန်းမာရေးအခြေအနေကတော့ နည်းနည်းကျလာတယ်။ ကျွန်တော် သွားတွေ့တုန်းကလည်း သူ့မျက်နှာ တော်တော်မကောင်းဘူး။ သူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒီကိစ္စတွေ ကြာလာတော့ သူ စိတ်ဓာတ်ကျတဲ့အကြောင်းတွေ သူ့ကို သွားတွေ့တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ တော်တော် ထိခိုက်ရတဲ့အကြောင်းပြောတယ်။ SKP Entertainment

သူ ထောင်ထဲမှာ တရားတွေထိုင်တယ်လို့ သူ့ထောင်ပိုင်တို့ ညွှန်မှူးတို့က ပြောတယ်။ ထောင်ထဲမှာတောင် သူ ဆွမ်းကျွေးတယ်လို့ ကြားတယ်။ ထောင်ထဲကလူတွေ ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ စောင့်ရှောက်ကြတယ်လို့လည်း ကျွန်တော်ကြားမိတယ်။ သို့သော် အကြာကြီးတော့ နေဖို့မကောင်းဘူးပေါ့နော်” ဆိုပြီး ပြောခဲ့ပါတယ်။ SKP Entertainment

သူ့အနေနဲ့ အခုကိစ္စမှာ ပါဝင်ကူညီပေးနေရတာဟာ သားဖြစ်သူ မင်းသန့်မောင်မောင် ခံစားနေရတာ မကြည့်ရက်တဲ့အတွက် ဖြစ်ပါတယ်ဆိုပြီး ဆက်လက်ပြောကြားခဲ့ပါတယ်။ “ သားကလည်း မဆင့်ထောင်ကျတဲ့ညက တော်တော် ထိခိုက်သွားတယ်။ ပြီးတော့ ထောင်မှူးလည်းပါတယ် ထောင်ထဲမှာ တွေ့လိုက်ရတဲ့အချိန်က လှိမ့်နေအောင် သူ ခံစားရတယ်။ နောက်တစ်ခုက သူ့အမေ မွေးနေ့ သူ့ ဖေ့စ်ဘွတ်မှာ ရေးထားတာ တွေ့ရမှာပါ။ သူ အပြင်မသွားဘူး။ အိမ်မှာနေတယ်၊ ကျွန်တော်လည်း အားပေးစကားပြောတယ်။ သူလည်း လူပဲဗျာ စိတ်လည်း တော်တော်လေး ထိခိုက်သွားရှာတယ်။ ” ဆိုပြီး ပြောခဲ့ပါတယ်။ SKP Entertainment

လက်ရှိမှာတော့ တရားလို ဒေါ်မြင့်မြင့်စန်းနဲ့ ငွေကြေးဆိုင်ရာ ညှိနှိုင်းမှု မရရှိသေးပါဘူး။ မဆင့်အတွက် အနုပညာရှင် မောင်နှမတွေကတော့ အရမ်းကို စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ SKP Entertainment

အခုဖော်ပြပေးခဲ့တာကတော့ အကယ်ဒမီများရှင် မေသန်းနုရဲ့ အမှုကိစ္စဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *