ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ မြင့်မြတ်

မြင့်မြတ်ဟာ “အမှောင်မှာ ရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ အကယ်ဒမီ ထူးချွန်ဆု ရရှိထားတဲ့ မြင့်မြတ်ကတော့ ဇာတ်ကားတိုင်းမှာ အပိုအလိုမရှိ ကွက်တိ သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ SKP Entertainment

သဘာဝကျကျ သရုပ်ဆောင်နိုင်ရုံသာမက ဇာတ်ကောင်စရိုက်ကိုပါ ပီပီပြင်ပြင် သရုပ်ဖော်နိုင်သူ ဖြစ်တာကြောင့် ပရိတ်သတ်အားပေးမှု ရရှိထားသူပါ။ မိသားစုကို အမြဲတန်းဖိုးထားတဲ့ မြင့်မြတ်ကတော့ အားလပ်တဲ့ ရက်တွေမှာ မိသားစုနဲ့အတူ မကြာခဏ အပန်းဖြေခရီး ထွက်လေ့ရှိပါတယ်။ SKP Entertainment

သရုပ်ဆောင်ပီပြင်ရုံသာမက စိတ်ထားဖြူစင်တဲ့သူဖြစ်တာကြောင့် ချစ်ခင်အားပေးတဲ့ ပရိတ်သတ် အမြောက်အများကိုလည်း ပိုင်ဆိုင်ထားသူပါ။မြတ်သူ ဆိုတဲ့ သားလေးကို ပိုင်ဆိုင်ပြီးနောက်မှာ အခုတစ်ခါ ဒုတိယမြောက်ရင်သွေးလေးကို ရရှိတော့မှာဆိုတဲ့ သတင်းကောင်းလေး ဖြစ်ပါတယ်။ SKP Entertainment

သားလေး မြတ်သူတစ်ယောက် ကစားဖော်ရပြီဆိုတဲ့ အကြောင်းလေးကို ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ကိုဘိုစန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ” မြတ်သူလေးနဲ့ ဆော့ဖို့နောက်တစ်ယောက်တဲ့..Congratulation ကွီးမြင့်မြတ်ရေ” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။ SKP Entertainment

ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်တော့မဲ့ သရုပ်ဆောင် မြင့်မြတ်အတွက် ဂုဏ်ပြုစကားလး ပြောခဲ့ပါဦးနော်။ အားပေးကြတဲ့ ပရိတ်သတ် တစ်ယောက်စီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *