Local Celebrity

ပရိတ်သတ်တွေ မသိကြသေးတဲ့ အေးမြဖြူနဲ့ယွန်းယွန်း တို့ရဲ့ ငယ်စဉ်ကတည်းက ဆက်နွယ်မှုလေး တစ်ခု

Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ၁၇ နှစ် အရွယ် သမီးလေး အေးမြဖြူဟာလည်း ပရိတ်သတ်ကြီးရဲ့ နှလုံးသားကို အဖမ်းစားထားဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ မိသားစုကလည်း ဝါသနာကို ပံ့ပိုးအားပေးတာကြောင့် အနုပညာ အပေါ်အားစိုက်ကြိုးစားအားထုတ်မှု ပိုမိုကောင်းမွန်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်လို့လည်း ဆိုရမှာပါ။ သူမဟာဆိုရင် ဂီတအနုပညာကိုဝါသနာခံပါသူဖြစ်ပြီးတော့ကလေးဘဝကတည်းကဆိုကရေးတီးတွေမှာ ဆုတွေကိုယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သူမက တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေကို စာပြပေးတဲ့အလုပ်ကို လုပ်ကိုင်တယ်လို့သိရပါတယ်။

အေးမြဖြူကဲ့သို့ပဲ ယွန်းယွန်းဟာလည်း ငယ်ရွယ်စဉ်ကတည်းက အောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလည်း အနုပညာလုပ်ငန်းတွေလုပ်ကိုင်ပြီးကျောင်းဆက်တတ်နေတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သူမဟာလည်း အကယ်ဒမီထူးချွန်ဆုကို ဆွတ်ခူးတားပြီးဖြစ်ပါတယ်။

ယခုကဲ့သို့ ငယ်စဉ်ကတည်းကအောင်မြင်နေတဲ့ သူမတို့ ၂ ဦးဟာ ငယ်သူငယ်ချင်းများ ဖြစ်ကြတယ်လို့ သိရပါတယ်။ အောင်မြင်မှုတွေကို အတူတူ ရယူနေကြတဲ့ ငယ်သူငယ်ချင်းတွေ အဖြစ် လက်ရှိအချိန်ထိ ရပ်တည်နေကြပါတယ်။

မကြာသေးမီက ကျင်းမပတဲ့ ၂၀၂၀ ပြည့် နှစ်ကူးအထူးတရာတော်ပွဲကြီးမှာ သူမတို့ ငယ်သူချင်းတွေရဲ့ ပုံရိပ်လေးဟာ ပျံ့နှံ့ခဲ့ပါတယ်။ အဆိုပါ ဂုဏ်ပြုညစာစားပွဲမှာ သူမတို့ ၂ ဦး ယှဉ်တွဲရိုက်ထားတဲ့ပုံလေးအပြင် ငယ်စဉ်က အထက်တန်းကျောင်းသူဘဝက ပုံရိပ်လေးတွေပါ ပျံ့နှံ့ခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ ညီအစ်မ ၂ ဦးလို့ မှတ်ချက်ပေးတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ငယ်စဉ်ကတည်းက အောင်မြင်မှုတွေ ရရှိနေတဲ့ သူငယ်ချင်း ၂ ယောက်ရဲ့ သံယောဇဉ်ကတော့ ကြည်နူးစရာလေးပါနော်………….။

Writer- ME(Shwe Yaung Lan)

Via)shweyaunglan.com

Leave a Comment