သားမျက်နှာနဲ့ မေသန်းနုကိစ္စကို ရှိတာပေါင်နှံပြီးဖြေရှင်းပေးမယ်လို့ ဆိုလာတဲ့ စင်ရော်မောင်မောင်

မကြာသေးခင်က နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီများ ဆုရှင်သရုပ်ဆောင် မေသန်းနု ကတော့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ်တိတိ ကျခံခဲ့ရပြီဖြစ်ပါတယ်။ သူမဟာဆိုရင် ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဇင်ယော်မောင်မောင် နှင့် အိမ်ထောင်ရေး ပတ်သတ်မှု မရှိတော့ပေမယ့် သားလေး ဖြစ်သူ မင်းသန့်မောင်မောင်အတွက်တော့ နှစ်ဦးစလုံးအသင့်ရှိနေခဲ့ပါတယ်။

အခုလည်း သားဖြစ်သူရဲ့ အပူကို မကြည့်ရက်လို့ ဇနီးဟောင်းဖြစ်သူ မေသန်းနုအတွက်ပေးချေရမည့် ငွေများကို သူ့အနေနဲ့ ဖြေရှင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ အခုလိုပဲ ပြောပြလာပါတယ်။

((
“အကျပ်အတည်းအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းနေရသော အချိန်တွင် မိမိဘဝ၏ အရေးပါသော မိတ်ဆွေကောင်းများသည် နွေးထွေးစွာဖြင့် ကြိုဆိုကမ်းလှမ်းခြင်း ၊စောင့်ရှောက်ပေးခြင်း ၊နူတ်၏ဆောင်ခြင်း၊ စိတ်၏ဆောင်မခြင်းများ ဖြင့် ကူညီခြင်းများရှိပါသည်။ ထို့အပြင် မိမိ၏ မိသားစုအားအထင်အမြင်လွဲခြင်း၊ အတွေ့မခံလိုခြင်း ၊ရိုးရိုးတန်းတန်း နှုတ်ဆက်ခင်မင်နေသည်ကိုလည်း အကူအညီပေးရမည် ထင်ပြီး ရှောင်လွှဲခြင်း၊ ဆိုးတူကောင်းဖက်မိတ်ဆွေရင်းများ ထွက်ခွါသွားခြင်း တို့ကိုကြုံခဲ့ရပါသည်။ သို့သော်လည်း ဒါကို မိမိတို့၏အတိတ်ကံဟုသာမှတ်ယူထားပြီး ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိပါသည်။”

” Media များတွင် ထင်ပေါ်ကျော်ကြားလိုသောသူများကြောင့်လဲ သား၏မိခင်အပေါ် အထင်လွဲ အထင်သေးခြင်းများလဲ ဖြစ်ပေါ်လျက်ရှိပါသည်။ သား၏မိခင်မှာအမှားကျူးလွန်သည် မှန်သော်လည်း ယခုဖြစ်ပေါ်နေသော သတင်းများအားလုံး အတိုင်းမဟုတ်ပါ။ အယုံလွယ်ခြင်း၊ စီးပွါးရေး အတွေ့အကြုံအားနည်းခြင်း၊ လက်မှတ်အလွယ်တကူထိုးပေးခြင်း ၊ ၁၀/၂၀/၃၀ တိုးဖြင့်ငွေချေး ယူခြင်း တို့ကို ဆောင်ရွက်ရင်းဖြင့် နွံနစ်သွားခဲ့ခြင်းဖြစ်ပါသည်။”


“သို့ပါ၍ ခိုင်မာသော ဥပဒေပညာရှင်များဖြင့် အမူအခင်းကို ဖြေရှင်းနေပါသည်။ ရန်ကင်းတရားရုံးတွင် ဖြစ်ပွားခဲ့သော အမှုနဲ့ ပတ်သက်ရျ် (ပေးလျော်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်) အခြားကိစ္စများကိုလဲ ဥပဒေဘောင်အတွင်းမှ အမြန်ဆုံး စီဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အကွက်ဆင်၍ မမှန်မကန်သော သက်သေများဖြင့် အမူဖန်တီးလျက်ရှိသောကိစ္စများကိုလည်း ဥပဒေဘောင်အတွင်းမှ ခုခံကာကွယ်သွားမည်ဖြစ်ပါသည်။”

“ယခုကိစ္စမှာလဲ မိခင်အတွက် အပူမီးတောက်လောင်နေ သားဖြစ်သူ မင်းသန့်မောင်မောင် ၏ သောကကို မကြည့်ရက်သဖြင့် ဖခင်တစ်ယောက်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ ကိစ္စမှမပါဝင်ကြောင်းကိုလဲ ရိုးသားစွာဝန်ခံပါသည်။ မဆင့်ကိစ္စတွင်ခံစားခဲ့ရသော နစ်နားသူများကိုလဲတောင်းပန်ပြီးဖြစ်ပါတယ်။”

” ကျွန်တော်တတ်နိုင်သလောက် ပစ္စည်းများထုခွဲရောင်းချ၍သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီများဖြင့်လည်းကောင်း ၎င်းကိစ္စ များကိုဖြေရှင်းလျက်ရှိပါသည်။ ကျွန်တော် ၊မင်းသန့်မောင်မောင်နှင့် မဆင့်တို့အပေါ်တွင်လည်း နားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။ အမှားများကိုလဲ အမြန်ဆုံးပြုပြင်နိုင်ပြီး ပြည်သူချစ်သော အနုပညာရှင်တစ်ဦးအဖြစ် ပြန်လည်ထွန်းတောက်လာပါစေကြောင်း မဆင့်အတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းလျက် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နေပါတယ်ခင်ဗျာ”
))

အခုလို သိရတော့ ပရိသတ်ကြီးလည်း ဝမ်းသာကြမယ်လို့ ထင်ပါတယ်နော်။ သရုပ်ဆောင် မေသန်းနုတစ်ယောက် အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Writer – SMT( Shwe Yaung Lan)
Source: Zin Yaw Mg Mg’s fb
Via;shweyaunglan.com

Leave a Reply

Your email address will not be published. Required fields are marked *