Local Celebrity

Myanmar Idol Season 4 ခုစလုံးမှ Top Ten Finalist များပါဝင်မည့် ဂီတဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်သွားမည်

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော အဆိုပြိုင်ပွဲကြီးဖြစ်တဲ့ Myanmar Idol အစီအဉ်ဟာ အခုဆိုရင် ၄ ကြိမ်မြောက်ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အမြို့မြို့အနယ်နယ်က ဝါသနာရှင်တွေထဲကမှ ရွေးထုတ်ပြီး မြေတောင်မြှောက်ပေးတဲ့ ပွဲတစ်ခုလဲဖြစ်ပါတယ်။ ဒီမှာ အောင်နိုင်သူအတွက် အိပ်မက်ကလည်း မက်မောစရာဖြစ်သလို၊ ဝါသနာရှင်သာမက ပါရမီရှိတဲ့ ရွက်ပုန်းသီးလေးတွေလည်း များစွာပေါ်ထွက်လျက်ရှိပါတယ်။ Myanmar Idol Season တိုင်းမှာဆိုရင် လူတော်တွေ တော်တော်များများပေါ်ထွက်လျက်ရှိပါတယ်။ ဒိုင်တွေဟာလည်း ယောက်လုံးကလည်း ဝါရင့် သဘာရင့် အဆိုတော်တွေ ဖြစ်တဲ့ အလျောက် ဒိုင်တွေရဲ့ မှတ်ချက်ဟာလည်း အင်မတန်မှ အရေးပါလှပါတယ်။

ယခုလို Season ၄ ခုပြီးတဲ့အခါမှာတော့ Top Ten Finalist များဟာ ၄၃ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုတော်တိုင်းဟာ ထူးခြားမှုတွေရှိတာကြောင့် တစ်ဦးစီတိုင်းမှာ ပရိတ်သတ်များစွာ ပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Myanmar Idol Season 4 ခုစလုံးမှ Top Ten Finalist များပါဝင်မည့် ဂီတဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

လာမည့် ဖေဖော်ဝါရီလ ၄/၅/၆ ရက်တွေမှာ ရန်ကုန်မြို့ ရွှေထွဋ်တင်မှာ ၃ ရက်တိုင်တိုင် Season တိုင်းမှာပါဝင်တဲ့ အဆိုတော်အားလုံး ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ယင်းအဆိုတော်တွေထဲမှာ အကြောင်း အမျိုးမျိုးကြောင့် Season ပြိုင်ပွဲဝင် Naw Jas ကတော့ ပါဝင်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ပရိတ်သတ်ကြီးရေ လက်ရှိအချိန်မှာတော့ ယင်းအစီအစဉ်ကို လူစိတ်ဝင်စားမှုအများဆုံးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ Idols တွေ သီဆိုမှာဖြစ်လို့ အမြန်ဆုံး လက်မှတ်ဝယ်ပြီး စောင့်မျှော်ကြရအောင်နော်။ ယခုလို အဆိုတော်အားလုံး သီဆိုဖို့ဆိုတာ တော်တော်လေးကို ကြုံတောင့် ကြုံခဲပဲဖြစ်ပါတယ်။

Via;shweyaunglan.com

 

Leave a Comment