လူတိုင်းသိထားသင့်တဲ့ WHO မှာတရားဝင်ထုတ်ပြန်ထားသော CORONA VIRUS ရန်မှ မိမိကိုယ်ကိုကာကွယ်နည်း

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့ပွားလာခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာဆိုရင် လက်ရှိမှာကမ္ဘာကပင် ကြောက်လန့်ရအောင် ကူးစက်နှုန်းမြန်ဆန်ပြီး ကုသဖို့လည်း နည်းလမ်းမရှိသေးပါဘူး။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO က အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကိုကိုယ် အတတ်နိုင်ဆုံး ရောဂါပိုး မကူးစက်နိုင်အောင် ကာကွယ်တဲ့ နည်းလမ်းကိုလည်း မျှဝေပေးထားပါတယ်။


အဲ့တာကတော့ လက်ကို ဆပ်ပြာ (သို့) အရက်ပျံနှင့် ဆေးပါ။ ချောင်းဆိုး/နာချေလျှင်တစ်ရှူး(သို့)တတောင်ဆစ်ဖြင့် ပိတ်ပါ။ တုပ်ကွေးလက်ခဏာလိုဖြစ်နေတဲ့ သူတွေအနား ထိတွေ့ခြင်းမပြုရန်။ အသားနှင့်ဥများကို အပြည့်အဝကျက်အောင် ချက်ပြီးမှစားရန်။ အသားကိုင်ပြီးလျှင်လက်ကို သေချာဆေးပါ။ တိရိစ္ဆာန်များကို အကာအကွယ်မဲ့တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်းမပြုရ။ အဖျားရှိလျှင်၊ ချောင်းဆိုးလျှင်၊ အသက်ရှုကြပ်လျှင် ဆေးခန်းဆေးရုံသို့ သွားပြပါ။ mask တပ်လျှင် နှာခေါင်းနှင့် ပါးစပ်ကို သေချာစွာ ဖုန်းမိရန် နှင့် တပ်ပြီးလျှင် လက်ဖြင့်ထပ်မံကိုင်တွယ်ခြင်းမပြုရ။

mask သည်တစ်ခါသုံးဖြစ်ပြီး ဖြုတ်ပြီးလျှင်ချက်ချင်းအမိုက်ပုံးသို့ပြစ်ပြီးလက်ကိုဆေးရန်။ တို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာပင် မြန်မာနိုင်ငံမှာလည်း ဗိုင်းရပ်စ်ပိုး လူနာတွေ့ပြီး ဝေဘာဂီ ဆေးရုံကို ပို့ထားရပါတယ်။ ဒါကြောင့် အထက်က ပြောပြထားတဲ့ နည်းလမ်းတွေကို လူတိုင်းသတိထားလိုက်နာနိုင်ကြစေဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Writer – SMT ( Shwe Yaung Lan )
Via;shweyaunglan.com

Leave a Reply

Your email address will not be published. Required fields are marked *