International News

ထိုင်းလေဆိပ် ဝူဟန် ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးက အပြန်မှာ ဖျားနာနေတဲ့ ထိုင်းဝန်ကြီးချုပ်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ကတော့ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ရေးအစီအမံတွေကိုသွားရောက်စစ်ဆေးပြီး အပြန်မှာတော့ ဖျားနာနေခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်က ခေတ်စားနေပါတယ်။

သူဟာဆိုရင် အသက် ၆၅ နှစ်အရွယ်ရှိပြီးတော့ အလုပ်ကို အတော်ပင် လုပ်နိုင်သူလို့ နာမည်ကြီးတဲ့ ဝန်ကြီးတစ်ပါးလည်းဖြစ်ပါတယ်။ သူဟာဆိုရင် အခုလို ဖျားနာနေတာတောင် အနားမယူပဲနဲ့ အစိုးရအဖွဲကလုပ်ငန်းဆောင်တာတွေကို နေအိမ်ကနေ ပူးပေါင်းဆောင်ရွက်နေတဲ့အထိပါပဲ။ အစည်းအဝေးတွေကိုတော့ သူ့ရဲ့ကိုယ်စားဒုတိယ ဝန်ကြီးက တက်ရောက်သွားမှာဖြစ်တယ်လို့ သူ့ရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။

ဝန်းကြီးချုပ်ကတော့ “ကျွန်တော်ဟာ ထိုင်းပြည်သူတွေရော ဒီကိုလာတဲ့အခြားနိုင်ငံကသူတွေနဲ့ရောသက်ဆိုင်ပါတယ်။ အားလုံးကိုဂရုစိုက်ဖို့လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ထားပါတယ်”လို့ ယမန့်နေ့ကပြောဆိုခဲ့ပါတယ်။ ယခုလို ဖျားနာတာဟာ သာမန်ဖြစ်ပြီးတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘူးလို့ သိရှိရပါတယ်

Writer – SMT ( Shwe Yaung Lan )
Via,shweyaunglan.com

Leave a Comment