Local Celebrity Local News

ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာကို ဝေဘာဂီဆေးရုံပို့လိုက်တဲ့အပေါ် ထောက်ပြဝေဖန်လိုက်တဲ့ အေသင်ချိုဆွေ

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံတကာကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ပါပြီ…..ဒါကြောင့် နိုင်ငံတကာအတွက် အထူးဂရုစိုက်ရမဲ့ ကျန်းမာရေး အန္တရာယ်တစ်ခုဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်….မြန်မာနိုင်ငံအနေနဲ့လည်း ယမန်နေ့ကအထိ ကိုရိုနာဗိုင်းရပ်စ်မတွေ့ရှိသေးပေမဲ့ ယနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတွေ့ရှိခဲ့ပါတယ်…..

အဆိုပါ သံသယရှိလူနာဟာ တရုတ် ကွမ်ကျိုးကနေ ရန်ကုန်ကိုလာတဲ့ လေယာဉ်ခရီးစဉ်နဲ့ ပါလာခဲ့တာပါ…..ကိုရိုနာဗိုင်းရပ်စ်သံသယရှိလူနာအဖြစ် ယခုအခါမှာတော့ ဝေဘာဂီဆေးရုံကို ခေါ်ဆောင်စစ်ဆေးလျက်ရှိပါတယ်….ဒီလို ဝေဘာဂီဆေးရုံကို ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး အဆိုတော်တစ်ဦးဖြစ်တဲ့ အေသင်ချိုဆွေက လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် သူရဲ့ အမြင်ကို ခုလိုဖွင့်ဟလာခဲ့ပါတယ်…

“ဝူဟန်ရောက်နေတဲ့ ကိုယ့်မြန်မာနိုင်ငံသား ကျောင်းသားတွေကို ပြန်သွားခေါ်ဖို့ အတွက်ကျ နေ့ရွှေ့ ညရွှေ့နဲ့၊ ဟင် ….. ကိုယ့်မြန်မာလူမျိုးအချင်းချင်း ဖေးမမှုမရှိပဲ အတ္တကြီးစွာနဲ့ ပြန်မလာနဲ့ဘာညာနဲ့ ဆစရက ကောမန့်တွေ ကရှိသေးတယ်။ အခုကျတော့ China southern airline လေယာဉ်ကြီး အစင်းလိုက်ကို ရက်ရက်ရောရော ကို ပေးဝင်လိုက်ကြတာ။ အဲ့လိုပါဆို……တကယ်ဆို ရောဂါပိုး သံသယရှိရင် တရုတ်နိုင်ငံသားလဲဖြစ်တယ်ဆို အဝင်မခံပဲလေယာဉ်နဲ့ ပြန်ထည့်ပေးလိုက်ရမာဟုတ်ဘူးလား…

လူနာကိုတောင် ဝေဘာဂီဆေးရုံပို့တယ်တဲ့။ ဝေဘာဂီဆေးရုံမှာရှိတဲ့လူနာတွေက ကိုယ်ခံအားကျဆင်းတဲ့အားနည်းနေတဲ့ သူတွေလေ။ ပိုဆိုးကုန်မှာမဟုတ်ဘူးလား။လိုက်မမှီတော့ဘူးကွယ် … ဆိုက်ကားလေးနဲ့ပတ်ခေါ်ပြီး နည်းနည်းလောက်ရှင်းပြကြပါ ကျွန်မကို” ဆိုပြီး ပြောခဲ့တာပါ….

ခုဆိုရင် အဆိုပါလူနာကို စစ်ဆေးလျက်ရှိပြီး လေယာဉ်ပေါ်ပါလာသူတွေကိုလည်း လေယာဉ်ပေါ်ကနေဆင်းခွင့်မပေးသေးဘူးလို့ သိရပါတယ်…

Writer – HW (Shwe Yaung Lan)
Source : Athen Cho Swe
Via;shweyaunglan.com

Leave a Comment